ဒဂုံ(အရှေ့) သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယမန်နေ့ နံနက်မှစတင် ၍ Online မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးပြီးနောက် စာစစ်ဌာနအလိုက် အောင်စာရင်းများကို ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၆) ခုတို့တွင် ကျောင်းတွင်းနှင့် ကျောင်းပြင်ပဖြေဆို သူ စုစုပေါင်း (၃၂၇၁) ဦး ဖြေဆိုခဲ့ရာ(၈၆၃) ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းနှင့် ခြောက်ဘာသာ(၁)ဦး၊ ငါးဘာသာ (၄) ဦး၊ လေးဘာသာ (၅)ဦး၊ သုံးဘာသာ (၁၇)ဦး၊ နှစ်ဘာသာ (၃၁)ဦး နှင့် တစ်ဘာသာ (၁၅၀) ဦး ဂုဏ်ထူးများရရှိခဲ့ပြီး အောင်ချက် ရာနှုန်းမှာ ၂၆ ဒသမ ၃၈ ရာခိုင်နှုန်းရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှလှထွေး(ပြန်/ဆက်)