လှိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း​​အောင်စာရင်းများ ယ​နေ့မှစ၍ ကိုယ်တိုင်လာ​ရောက် ကြည့်ရှုနိုင်

ရန်ကုန် ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက အွန်လိုင်းမှ ထုတ်ပြန်ကြေညာခဲ့ရာ ​ကျောင်းသူ၊ ကျောင်းသား(၉၀၂)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၃၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅၈)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၅၃) ဦး စုစု​ပေါင်း (၂၇၄)ဦးတို့မှာ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည်။ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ (၄၃)ဦး၊ အင်္ဂလိပ်စာ(၁၂)ဦး၊ သင်္ချာ(၇၆) ဦး၊ ဓာတုဗေဒ(၉၄) ဦး၊ ရူပဗေဒ (၂၆) ဦး၊ ဇီဝဗေဒ (၂၃၃)ဦး၊ ပထဝီ(၂)ဦး၊ သမိုင်း(၆)ဦးနှင့် ဘောဂဗေဒ (၅)ဦးရှိကြောင်း သိရပြီး မြို့နယ်ချုပ် အောင်ချက် ရာခိုင်နှုန်းမှာ(၄၂.၀၇%)ရှိကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွင် လှိုင်မြို့နယ်ရှိ စာစစ်ဌာန (၄)ခု၌ ကျောင်းသား၊ ကျောင်းသူ (၂၁၄၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး (၉၀၂)ဦး အောင်မြင်ခဲ့ကြ​ကြောင်း ယ​နေ့နံနက်မှစ၍ စာစစ်ဌာနများတွင် ကိုဗစ်- ၁၉ ​ရောဂါ ကြိုတင် ကာကွယ်ထားရှိမှုများဖြင့် စနစ်တကျ ကိုယ်တိုင် ကိုယ်ကျလာ​ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားရှိ​​ကြောင်း သိရှိရသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)