မြစ်သားမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိ

မြစ်သား ဇွန် ၂၁

မန္တလေးတိုင်း​ဒေသကြီး မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို ယနေ့ နံနက်ပိုင်းက စတင်၍ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ပုံမှန်အတိုင်း ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် တစ်မြို့နယ်လုံးတွင် ပင်စင်စားဝန်ထမ်းဦးရေ (၂၃၀၀)ကျော်ရှိပြီး ပင်စင်လာရောက် ထုတ်ယူရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask များ တပ်ဆင်စေခြင်း၊ လက်ဆေးဘေစင်တွင် လက်ဆေးခြင်းတို့ကို လိုက်နာ ဆောင်ရွက်​စေခြင်းနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန် အလှည့်ကျစနစ်ဖြင့် စနစ်တကျထုတ်ပေး လျက်ရှိပြီး ပင်စင်လစာများကို ဇွန် ၂၁ ရက်မှ ၃၀ ရက်အထိ အများပြည်သူ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် နေ့စဉ်နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ပင်စင်လစာ လာရောက် ထုတ်ယူသူများ အနေဖြင့် အဆင်ပြေသည့် ရက်များတွင် လာရောက် ထုတ်ယူနိုင်ကြောင်း မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

မြမြမွန်(မြစ်သား)