မင်္ဂလာဒုံ ဇွန် ၂၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကြက်ခြေနီရှေးဦးသူနာပြုသင်တန်း ကိုယနေ့နံနက် ၉နာရီက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ မြောက်ပိုင်းခရိုင်ရုံး (သပြေညို)ခန်းမ၌ ကျင်းပရာ သင်တန်းသား(၂၀)ဦး တက်ရောက်ကြောင်း သိရသည်။
သင်တန်းတွင် မြောက်ပိုင်းခရိုင်ကြက်ခြေနီအသင်း ကြီးကြပ်မှုကော်မတီဥက္ကဌဦးနေဆန်းနှင့် နည်းပြများက ရှေးဦးသူနာပြုလုပ်ငန်းများကို စာတွေ့၊ လက်တွေ့(၃)ရက် သင်ကြားပို့ချသည်။ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်၊ ထန်းတပင်မြို့နယ်များမှာလည်း သင်တန်းဖွင့်လှစ်သည်ဟု သိရသည်။
သင်တန်းတွင် မိုးရာသီတွင်ဖြစ်ပွားသော သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းပျက်/ဝမ်းလျှော၊ ဆင်ခြေထောက်ရောဂါ၊ ကိုဗစ် ၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများပါ ထည့်သွင်းပို့ချကြောင်း သိရသည်။
မျိုးသန့်