အလုံ ဇွန် ၂၁
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Online မှ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဇွန်လ ၂၀ ရက်နေ့က အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page Online မှတဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်နှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်သည့် မေးခွန်း(၅)ခုကို မေးမြန်းကာ ဖြေဆိုချိန်(၅) ရက်အတွင်း ဖြေဆိုသူများထဲမှ ပထမဦးဆုံး အဖြေမှန်သူ(၁၀)ဦးအား ဖုန်းဘေ ၃၀၀၀ ကျပ်စီ ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက်နှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်းကာ ကွမ်း၊ ဆေး အသိပညာပေး Online မှ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကိုလည်း မေလ ၃၀ ရက်နေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရွက်သစ်ဝေ