တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးစစ်‌ဆေးဆောင်ရွက်

တောင်ဥက္ကလာပ  ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် တွင်ပြည်သူသူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာ‌စေရေးအတွက်  ယနေ့နံနက်ပိုင်းက သစ္စာလမ်း‌‌ ဘေလီတံတားထိပ်တွင် စစ်ဆေးဆောင်ရွက်လျက် ရှိ‌သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှု များပြားသည့် မြို့နယ်အတွင်းရှိ သစ္စာလမ်းမကြီး ဘေလီတံတားထိပ်တွင် ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူး‌ ပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး လူစည်ကားရာ နေရာဖြစ်သည့် နန္ဒဝန်စျေးတွင်လည်း စျေးဝယ်သူ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်း‌‌စေရေး အတွက် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း