ကွတ်ခိုင် ဇွန် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉)နာရီအချိန် က အမှတ်(၈)ရပ်ကွက်ရှိ မဟာစည်ဘုန်တော်ကြီးကျောင်းဝင်းအတွင်း ကိုဗစ်−၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးဟိန်းနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး ထင်းရှုး၊ ယူကလစ်၊ ရေသင်းဝင်၊ ဆူးထင်းရှုးစသည့် ပျိုးပင်များကို စိုက်ပျိုးခဲ့ကြပြီး ပျိုးပင်စုစုပေါင်း (၂၅၀)ပင်တို့ကို သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဌေးဌေး