ရန်ကင်း ဇွန် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ယနေ့နံနက် ၉နာရီက ပြန်ကြားရေး နှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲအား ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ်ပြသဆောင်ရွက်ခြင်းဖြစ်ပြီး နံရံကပ်စာစောင်တွင်မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါးနှင့် ဥပဒေများသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးလုံးဝပပျောက်ရေးဆောင်းပါး၊ စိတ်ကြွဆေးပြား အလွဲသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲခံစားရမှုများ၊ ကာတွန်း၊ မူးယစ်ဆေးဝါး၏အဓိပ္ပာယ် စသည့်မူးယစ်ဆေးဝါး အကြောင်းသိကောင်းစရာများကို ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
လှလှထွေး