နေပြည်တော် ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများအပေါ်ကာကွယ်ပေးထားသော ဥပဒေများ အကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီ၊ စာရေးဆရာမ သက်သက်နွယ်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က အမျိုး သမီးများအပေါ် ကာကွယ်ပေးထားသောဥပဒေများအကြောင်း၊ အမျိုးသမီးများအပေါ် မထီမဲ့မြင် ပြုခြင်းများအပေါ် အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေများအကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ငွေညစ်ခြင်း များအပေါ် ဥပဒေအရလုပ်ဆောင်နိုင်သောအချက်များ နှင့် ကာကွယ် ပေးထားသောဥပဒေများအကြောင်းတို့ကို ဆွေးနွေးသည်။
ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းမှ တစ်ဆင့် ပြည်သူများအသိပညာပေးအစီစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကို We love Zayathiri Facebook Page တွင်ဝင်ရောက်ကြည့်ရှုနိုင် ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)