မဘိမ်းမြို့တွင် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၂/၂ဝ၂၁)ဖွင့်လှစ်

မဘိမ်း    ဇွန်   ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၂/၂ဝ၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦးက ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပြီး သင်တန်းနည်းပြဆရာ ဦးဇော်မင်းထွေးက ကွန်ပျူတာအခြေခံသင်တန်းတွင် သင်တန်းသား/သူ များအား သင်တန်းတွင်သင်ကြားပို့ချပေးမည့် သင်ခန်းစာဘာသာရပ်များအကြောင်းကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၏ ရန်ပုံငွေကျပ်(၃)သန်းဖြင့် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်နေလူငယ်များအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်း အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ တစ်လတာ သင်ကြား ပို့ချမည်ဖြစ်ပါကြောင်းနှင့် သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/ သူ(၃ဝ)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။  

မျိုးမင်း( ပြန်/ဆက် )