ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် တောင်သာမြို့နယ်ရုံး ဝန်ထမ်းများ တွေ့ဆုံ၍ ရုံးစစ်ဆေး

တောင်သာ ဇွန် ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက် ၇ နာရီအချိန်က တောင်သာမြို့နယ်ရုံးသို့ ရောက်ရှိ၍ ရုံလုပ်ငန်းများ စစ်ဆေးပြီး လမ်ညွှန်မှာကြား ခဲ့သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ရုံးအပေါ်ထပ် ကလေးစာဖတ်ခန်းနှင့် ရုံးဝန်းအတွင်း သန့်ရှင်းမှု အခြေအနေများကို စစ်ဆေးပြီး ဝန်ထမ်းများ တွေ့ဆုံမှာကြားရာတွင် လက်ရှိဝန်ထမ်းအားလုံးနှင့် တွေ့ရ၍ဝမ်းသာကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာရှိရန် လိုကြောင်း၊ ဝန်ထမ်းစည်းကမ်းများနှင့်အညီ နေထိုင်သွားကြစေလိုကြောင်း၊ ပါတီနိုင်ငံရေး လုံးဝကင်းရှင်းရန်လိုကြောင်း၊ ယခင်နှစ်များက ကိုဗစ်-၁၉ ကာလဖြစ်၍ စာကြည့်တိုက်များ ပိတ်ထားရကြောင်း၊ ယခုအခြေအနေကောင်းလျှင် ပြန်ဖွင့်ရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနရည်မှန်းချက်အတိုင်း ပြန်ကြားပေးရန်၊ ပညာပေးရန်တို့ကို အဓိကထား ဆောင်ရွက်ပေးရန် လိုကြောင်း၊ မိမိအသက်အန္တရာယ် ထိခိုက်နိုင်မည့် အခြေအနေမျိုးကို ရှောင်ရှားကြ စေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အကြောင်းနှင့် ဦးတည်ချက်(၉)ရပ် အကြောင်းများကို ရှင်းလင်း ပြောကြားပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ယခု(၁)နှစ်သာ ထိန်းထားရမည်ဖြစ်ကြောင်း၊ အချိန်ကာလနည်းပါးကြောင်း၊ မိမိတို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဝန်ကြီးမှာကြားလိုသည်ကို ပြောကြားလိုသည်မှာ စာဖတ်ရန်လိုကြောင်း ဒါကြောင့် ပြည်သူများကို အသိပညာ ပေးနိုင်မှာ ဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့်အတူ မြို့နယ်ရုံးဝန်ထမ်း (၅)ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)