နောင်ချိုမြို့တွင် COVID-19 ရောဂါ ပိုးတွေ့လူနာ ( ၃ ) ဦး တွေ့ရှိ

နောင်ချို   ဇွန်    ၂၁  

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဘူတာရပ်ကွက်နှင့် ပါဟတ်ရပ်ကွက်၌ ယမန်နေ့က အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး တို့တွင် COVID-19 ရောဂါ ပိုးတွေ့ရှိကြောင်း နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ  သိရသည်။

 COVID-19 ရောဂါပိုးတွေ့ရှိသူများမှာ ဘူတာရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ကျား (၁) ဦး၊ အသက်  ၄၆  နှစ်အရွယ် မ ( ၁)  ဦး ၊ ပါဟတ်ရပ်ကွက်မှ အသက်  ( ၂၉) နှစ်အရွယ် ကျား (၁)ဦးတို့ ဖြစ်ပြီး အနံ့ပျောက်နေသဖြင့် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ရာ COVID-19. ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့၏ ခရီးသွားရာဇဝင်နှင့် ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူများအား စိစစ်ဆောင်ရွက်၍ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

 အဆိုပါ COVID-19 ရောဂါပိုးတွေ့ရှိသူ ( ၃) ဦးအား နောင်ချိုမြို့ပြည်သူ့ဆေးရုံ၌ သီးသန့်ထားရှိကာ ဆေးကုသမှုဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)