မုဒုံ ဇွန် ၁၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းကိုဗစ် -၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင့်ဇော်ကမြို့နယ်အတွင်းရှိပြည်သူများကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များနှင့် အသိပညာပေး လုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်များနှင့် အညီစနစ်တကျဆောင်ရွက်နိုင်ရေး အတွက်တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ အနေဖြင့်ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြရန်ပြောကြားခဲ့သည်။
ဆက်လက်၍ မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးဒေါက်တာကျော်မိုးနိုင်က ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ဆောင်ရွက်မည့် အစီအစဉ်များ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူမျာ းရှိလာပါက ကာကွယ်ကုသမည့်လုပ်ငန်းများ၊ အခြားသော Stay at Home မြို့နယ်များနှင့်ပြင်ပမှနေရပ်ပြန်လာသူများအား Quarantine Centre များတွင် စနစ်တကျထားရှိနိုင်ရေး လိုအပ်ချက်အခြေအနေများ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက်တက်ရောက်လာ သည့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုကူညီရေး အသင်း အဖွဲ့ဝင်များကမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လုပ်ငန်း အစီအစဉ်များကိုဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ