စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေး

                                                    စဉ့်ကိုင် ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးရေးကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အုန်းလက်ကောက်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အကောင်အထည်ဖော် ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် စဉ့်ကိုင်မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးအရာရှိ ဦးတင်မောင်လွင်နှင့် ၀န်ထမ်းများကအဖွဲ့(၄)ဖွဲ့ခွဲ၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ(၃) ရက်နေ့မှစတင်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကျေးရွာအရောက်ကွင်းဆင်း ဆောင်ရွက်ရာတွင် သင်တောင်းကျေးရွာအုပ်စု၊ တအုံကျေးရွာအုပ်စု၊ ရွာဟောင်း ကုန်းကျေးရွာ၊ အုန်းလက်ကောက်ကျေးရွာ၊ ၀န်းသို ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၀)၊ အိမ်ထောင်စုခွဲ (၇၁) ၊မွေးတိုး(၈၄) ဦးတို့အား နေ့ခြင်းပြီးအပြီးဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ညိုညို၀င်း(စဉ့်ကိုင်)