မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဖြတ်   ဇွန်  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်မြို့နယ်တွင် ယနေ့ နံနက် ၉နာရီခွဲအချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များက နမ့်ယွန်း ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ် အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်ကိုကိုအောင်နှင့် အဖွဲ့ဝင်များက ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၂၉ ဒဿမ ၇) သန်းဖြင့် DUWUN TAKON ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ၃၀ပေ၊ ၃၄ပေအတိုင်းအတာရှိ (RC)၁ထပ် ဆောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သက်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်နိုင်ရေး၊ အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဆောက်လုပ်နေမှုပြီးစီးမှုမှာ ၅၀ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်း​အေး