ရမည်းသင်း ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့အမှတ်(၁)နှင့်အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်း တို့တွင် ကျောင်းတတ်/ ကျောင်းဆင်းချိန် များ၌ ကျောင်းသူ၊ ကျောင်းသားများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များက ကျောင်းဖွင့်ရက်တိုင်း နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသည် ရန်ကုန်-မန္တလေး ကားလမ်း မကြီး အနီးဖြစ်၍ ယာဉ်မောင်းနှင်သူများအနေဖြင့် ကျောင်းတတ်/ ကျောင်းဆင်းချိန်များတွင် အထူးဂရုစိုက် မောင်းနှင်ကြစေရန် နှင့် ကျောင်းသူ/ ကျောင်းသားများ ယာဉ်အန္တရယ်ကင်းရှင်း စေရေးဆောင်ရွက်လျက် ရှိကြောင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။
ရမည်းသင်းမြို့နယ်အတွင်းအခြေခံပညာကျောင်းများတွင်ကျောင်းသား၊ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနိုင်ရန်နှင့်လုံခြုံမှုရှိစေရန် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်မိ၊ရပ်ဖတို့မှပူးပေါင်းကာလုံခြုံစေရေးကို စနစ်တကျအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။
ခရိုင်ပြန်/ဆက်၊ရမည်းသင်း