ချောင်းဆုံ ဇွန် ၁၆
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် (ထွေ/အုပ်၊စည်/ပင်၊လျှပ်စစ်၊ မီးသတ်)ဌာနတို့ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးဖြစ်သည့် ရွာလွတ်ဈေးနှင့် ကမာမိုဈေး တို့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်း ဆောင်ရွက်ရာတွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးအုံးသန့်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဇွဲကိုကို၊ မြို့နယ်(ထွေ/အုပ်) ဒုဦးစီးဦးကျော်နိုင်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်နှင့် တပ်ဖွဲ့ဝင်တို့ပူးပေါင်းပြီး ဈေးအဆောက်အဦးများတွင် ဘေးအန္တရာယ် တစ်ခုခု ကြောင့်သော် လည်းကောင်း၊ မသမာမှုကြောင့်သော်လည်း မီးလောင်မှု၊ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ် စေရေး အတွက် လျှစ်စစ် ဝါယာကြိုးများ သွယ်တန်းထားရှိမှုအခြေအနေနှင့် အရေးပေါ် မီးသတ်ဆေးဗူး ထားရှိမှု အခြေအနေ ရေသို လှောင်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း လိုအပ်သည်များကို ဈေးတာဝန်ခံများအား အကြုံပြု ဆွေးနွေးပေးသည်။
အဆိုပါ ကွင်းဆင်း စစ်ဆေးခြင်းကို မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးများဖြစ်သည့်မြို့မအမှတ် (၁)ဈေး၊ အမှတ်(၂)ဈေး၊ ရွာလွတ်ဈေး၊ ကမာမိုဈေးများအား စစ်ဆေးပေးခဲ့ပြီး ကျန်ရှိသည့် အဖွဲ့ပိုင်ဈေးနှင့် ကျေးရွာဈေးများသို့ ဆက်လက်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)