မိုင်းလုံ ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပို်င်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယနေ့နံနက် ၁၀တွင် Book Club အဖွဲ့ဝင်များက စာရေးဆရာ ဖေမြင့်၏ "စဉ်းစားခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းသစ်က "စဉ်းစာခြင်း" စာအုပ်၏ အမှာစကား ဖြစ်သော စဉ်းစာခြင်းဆိုတာဘာလဲ အကြောင်းအရာကို စတင်ဆွေးနွေး၍ အဖွဲ့ဝင် စိုင်းအိုက်ပွားမှ စဉ်းစားစရာပြဿနာများထဲမှ "လုပ်သင့်မလုပ်သင့်" ခေါင်းစဉ်နှင့် အဖွဲ့ဝင် ဦးသာမောင်မှ "တဖက်သား နေရာကလည်း စဉ်းစားဖို့လိုသည်" ခေါင်းစဉ်ဖြင့် ပြန်လည်ဆွေးနွေဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးကာ ဦးစိုင်းသစ်က ယခုလို စဉ်းစားခြင်း ခေါင်းစဉ်တစ်ခုထဲတွင် အပြန်အလှန်ဆွေးနွေးရသောကြောင့် မိမိသိသည်များကို အခြားသူ များအား ဆွေးနွေးခွင့်ရခြင်းနှင့် အခြားသူများ၏ ဆွေးနွေးချက်များမှလည်း အသိအမြင်များတိုးပွား ရသော ကြောင့်တက်ရောက်ဆွေးနွေးသောအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ပေးသော ပြန်/ဆက် ဦးစီးဌာနတို့ကို ကျေးဇူတင်စကားပြောကြားပြီး စာဖတ်ဝိုင်းကိုကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန ၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းလုံ( ပြန်/ဆက်)