သပိတ်ကျင်း ဇွန်လ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇွန်လ(၁၂)ရက်မှ ဇွန်လ(၁၄)ရက်နေ့အထိ မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပ ခဲ့ရာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဇွန်လ(၁၄)ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် သပိတ်ကျင်း(က)အသင်းနှင့် လိပ်ကျကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး သပိတ်ကျင်း(က) အသင်းမှ လိပ်ကျအသင်းကို (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရခဲ့ကြောင်းသိရသည်။
ပထမရရှိသော သပိတ်ကျင်း(က)အသင်းအား သပိတ်ကျင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်မှ ဒိုင်းဆု၊ ရွှေဆွဲပြားဆုတံဆိပ်များနှင့် ဆုကြေးငွေကျပ်(၂)သိန်း ချီးမြှင့်ခဲ့ပြီး၊ ဒုတိယဆုရ လိပ်ကျကျေးရွာအသင်းအား ငွေဆွဲပြားဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် (၁)သိန်းကိုလည်းကောင်း၊ တတိယဆုရ သပိတ်ကျင်း(ခ)အသင်းအား ကြေးဆွဲပြားဆုတံဆိပ်နှင့် ဆုကြေးငွေကျပ်(၅)သောင်းကိုလည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။