လှည်းကူးမြို့နယ်၌ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းဆောင်ရွက်

လှည်းကူး ဇွန် ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ပြည်တော်သာရပ်ကွက် ယင်းတိုက်ပင်ဈေးလမ်းရှိ နေအိမ်များအား ယမန်နေ့ နံနက်(၈) နာရီက အဘိတ်ဆေးခတ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး (ဖုံး၊ သွန်း၊ လဲ၊ စစ်) အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ ရပ်ကွက်အတွင်းရှိ အုတ်ကန်၊ ပီပါ၊ ရေစည်များအား စစ်ဆေး၍ အဘိတ်ဆေးခတ်ပေးခြင်းများ၊ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး  အသိပညာပေးနည်းလမ်းများကို ပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းမြတ်သော်