ကျောက်ပန်းတောင်း ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဇလင်းတောင်ကျေးရွာအုပ်စု၊ ဇလင်းတောင်ကျေးရွာတွင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစီအစဉ်ဖြင့် တူးဖော်ဆောင်ရွက်ခဲ့သော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သဖြင့်၊ ကျေးရွာနေပြည်သူ(၄၇၀) ဦးတို့အတွက် ရေလုံလောက်စွာပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ဇလင်းတောင် ကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံ၊ ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင်ပြုရန်ပုံငွေ(၂၉.၀၀၀)ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊လုပ်ငန်းပြီးစီးမှုအခြေအနေများကို၊ ဇွန်လ(၁၄)ရက်နေ့ ညနေ(၄)နာရီက မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါရေပေးရေးလုပ်ငန်းတွင် ၄ လက်မ(၆၄၀ပေ)၊ စက်ရေတွင်း(၁)တွင်း၊ ဂါလံ(၂၄၀၀)ဆံ့ ရေစင်(၁)ခုနှင့် (၁၀ပေ-၈ပေ-၈ပေ) ရေစက်ရုံ (၁)ခုတို့ပါဝင်ပြီး၊ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု(၁၀၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ရာ ကျေးရွာနေ အိမ်ထောင်စု(၉၄)စုမှလူဦးရေ (၄၇၀)ဦးတို့မှာ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိနေပြီ ဖြစ်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)