ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရန်တိုင်းအောင်စေတီတော်အဝင် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

တောင်ကြီး    ဇွန်  ၁၅

 ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊အဖွဲ့ ဝင်များနှင့်တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၁၀)နာရီက လားရှိုးမြို့ ရန်တိုင်းအောင်စေတီတော်အဝင် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ကြကြောင်းသိရသည်။

 ကွန်ကရစ်လမ်းဖွင့်ပွဲကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗမော်ကွန်းအားအမွှေးနံသာ ပက်ဖျန်းပေးကြပြီး အမှတ်တရစုပေါင်းသစ်ပင်စိုက်ပျိုးပေး၍ ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းပေးကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့ သည် တပ်မတော်စစ်ဆေးရုံအမှတ် (၉/၁၀၀)သို့ သွားရောက်ကာ ဆေးရုံတွင်လာရောက်ဆေးကုသခံယူနေ သော လူနာများအား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၉) တပ်မတော်စစ်ဆေးရုံ ခုတင်(၁၀၀) အတွက်အလှူငွေကျပ် သိန်း(၄၀၀) ပေးအပ်လှူဒါန်းရာ စစ်ဆေးရုံ တာဝန်ခံဆေးမှူးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊အဖွဲ့ဝင်များက ဆေးရုံ တွင် လာရောက်ဆေးကုသခံနေသော လူနာများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း အဖွဲ့ဝင်များသည် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသောကျောင်းသား၊ကျောင်းသူများအား သွားရောက် တွေ့ဆုံ၍ အမှာစကားများပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)