စဉ့်ကူး ဇွန် ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ငါးလုပ်ငန်းဉီးစီးဌာန မှ ငါးသယံဇာတ ပေါများကြွယ်ဝစေရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်စေရန်အတွက် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက် (၈) နာရီက စဉ့်ကူးမြို့ ၊ အမှတ်(၂) ရပ်ကွက် ၊ ဆိပ်ကမ်းသာဘုရားအနီးရှိ ဧရာဝတီ မြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးများ စိုက်ထည့်ရာတွင် မန္တလေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်း ဦးစီးဌာနမှူး ဦးခင်မောင်ထွန်း၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထွန်းကျော်နိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသော်တာထွန်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးနေလင်းနှင့်ဝန်ထမ်းများ သရက်ကုန်း၊ နတ်ရေကန်၊ ကူမဲ နှင့် ရေနံ့သာ ငါးသားပေါက်စခန်းမှ တာဝန်ခံများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား ( ၆၀ ) ဦးတို့မှ ရွှေဝါငါးချင်း( ၁ ) သိန်း ၊ ငါးမြစ်ချင်း (၃) သိန်း ၊ ငါးခုံးမကြီး ( ၅ ) သိန်း ၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၉) သိန်းတို့အား ဧရာဝတီမြစ်အတွင်းသို့ အသီးသီး ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိကြောင်း သိရှိရသည် ။
မြို့နယ် ( ပြန်/ဆက် )