ဂွ ဇွန် ၁၄
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၂၀၂၀ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများကို စူဠဘွဲ့နှင်းသဘင် စာအောင်ဆုများ ဆပ်ကပ်ချီးမြှင့်ပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်တွင် သိမ်ကုန်း စေတီတော်ဝန်းအတွင်းရှိသာသနာ့ဗိမာန်တော်၌ကျင်းပခဲ့သည်။
စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဩဝါဒါစရိယ ဆရာ တော်ကြီးများထံမှ ငါးပါးသီလနှင့်သြဝါဒကထာခံယူကာ ရေစက်ချအမျှပေးဝေခြင်း၊ ၂၀၂၀ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာ ပထမကြီးတန်း(၇)ပါး၊ ပထမလတ်တန်း(၃)ပါး၊ ပထမငယ်တန်း(၂)ပါး၊ အခြေပြုမူလတန်း(၁၀)ပါး၊ စုစုပေါင်း(၂၂)ပါးနှင့်ဂွမြို့နယ်သံဃနာယက ဆရာတော်ကြီးများမှ ကြီးမှူးကျင်းပသည့် အဋ္ဌမ အကြိမ်မြောက် ပရိယတ္တိသာသနပါလစာမေးပွဲတွင်အောင် မြင်သည့် အခြေပြုမူလတန်း(၃) ပါး၊ဥပစာတန်း(၇)ပါး၊ ပထမအကြိမ်မြောက် ပရိယတ္တိသာသနပါလစာပြန်ပွဲတွင် အောင်မြင်သည့် ဥပစာတန်း(ပထမအဆင့်)-၅ပါး၊ဥပစာတန်း(ဒုတိယအဆင့်)-၃ ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ သာသနာ့ဒါယကာ၊ ဒါယိကာမများမှ စာအောင်လက်မှတ်၊ စာအောင်ဆုများ ဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများအား ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်း