တာလေ ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်၊ တာလေမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေ လေ့လာသူဝါသနာရှင် စာငှားစာဖတ်ပရိတ်သတ်များ စာအုပ်စာပေမှရရှိသောဗဟုသုတများ အလွယ်တကူ လေ့လာနိုင်စေရန်အတွက် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို စာကြည့်တိုက်ဖွင့်လှစ်၍ နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိသည်။
“တာလေမြို့အတွင်းရှိ စာအုပ်စာပေလေ့လာသူ ဝါသနာရှင် စာငှားစာဖတ်ပရိသတ်များအတွက် တာလေမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာပေ လေ့လာသူ စာပေဝါသနာရှင်များ စာပဗဟုသုတများ အလွယ်တကူလေ့လာနိုင်စေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူငှားရမ်းပေးနိုင်ရန် စာကြည့်တိုက်ကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးပြီး သုတ၊ ရသ စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ပြည်သူ့စာကြည့်တိုက်မှ ဝန်ထမ်းများက နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း” သိရသည်။
အောင်ကျော်မိုး