နောင်ချိုမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

နောင်ချို ဇွန် ၁၄ ရက် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားဆရာဝန်များနှင့် သူနာပြုများက ထိုးနှံပေးခဲ့ကြပြီး ယခု ပထမအကြိမ်တွင် ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းထားသူ (၄၆၇)ဦး ရှိကြောင်း သိရသည်။ ထွေးငယ်( ပြန်/ဆက်)