သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ရန်ကုန် ဇွန် ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ (၁၃)ရက်တိုင်တိုင် သုမင်္ဂလာရာမလယ်တီဝိပဿနာကျောင်းတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို သင်္ဃန်းကျွန်းမြို့နယ် သံဃနာယက ဆရာတော်ကြီးနှင့်ကြီးကြပ်ဆရာတော် (၂၅) ပါးဖြင့် ဆောင်ရွက်ခဲ့ပြီး စာဖြေသံဃာတော်များ အနေဖြင့် စာဖြေသံဃာ အခြေပြုမူလတန်း(၈၂)ပါး၊ အငယ်တန်း(၇၀)ပါး၊ အလတ်တန်း(၁၀၂)ပါး၊ ပထမကြီးတန်း(၁၂၃)ပါး၊ စုစုပေါင်း(၃၇၇)ပါး ပါဝင်ဖြေဆိုလျက်ရှိပြီး ယနေ့တွင် နောက်ဆုံးစာမေးပွဲကို စာဖြေသံဃာများ အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ပြီး စာမေးပွဲကိုအောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ စန္ဒာမိုး(ပြန်/ဆက်)