မုဒုံမြို့နယ် ကမာဝက်မြို့၌ မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

မုဒုံ ဇွန် ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် ပတ်ဝန်းကျင်သာယာလှပ စိမ်းလန်းစိုပြေစေရန်  မိုးရာသီ သစ်ပင်စိုက်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက အလယ်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာ တောင်ဘက်ခြမ်း လမ်းဘေးဝဲယာတစ်လျှောက်တွင် သစ်ပင်ပျိုးပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သစ်ပင်စိုက်ပွဲအခမ်းအနားကို ကမာဝက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မုဒုံမြို့နယ် သစ်တော ဦးစီးဌာနတို့ ပူးပေါင်း၍ ကျွန်း(၅၀)ပင်၊ စိန်တံခြူ(၅၀)ပင်၊ သင်္ကန်း (၃၅)ပင်၊ စိန်ပန်းကြီး(၃၀)ပင်၊ စိန်ပန်းငယ်(၂၀)ပင်၊ မဟော်ဂနီ(၂၅)ပင်၊ မန်ဂျန်ရှား(၅၀)ပင်၊ အော်ရေရှား(၅၀)ပင် စုစုပေါင်းအပင် (၃၁၀)ပင်ကို မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ ဝင်များ၊ မုဒုံမြို့နယ်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ ကမာဝက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံလွင်နှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတို့က စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

အောင်မျိုးသူ