နောင်ချို ဇွန် ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်တိုးက လက်ရှိအခြေအနေတွင် Quarantine Center ထားရှိနိုင်ရန် စီစဉ်ထားမှု အခြေအနေ များ၊ မြို့ဝင်/မြို့ထွက် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေနှင့်လုပ်ငန်း စဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
၎င်းနောက် တက်ရောက်လာသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက ယခင်အတွေ့အကြုံများအပေါ် သုံးသပ်တင်ပြကာ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွေးငယ်