ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဖလား အမျိုးသားဖူဆယ်ပြိုင်ပွဲကျင်းပ 

ပြင်ဦးလွင်      ဇွန်  ၁၂ 

၂၀၂၁ ခုနှစ်၊  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇)၊ အနီးစခန်း၊ ရွှေထိပ်တန်းဖူဆယ်ရုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊  ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊   ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူများက  ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြသည့် အားကစားသမားများဟာ မိမိကျေးရွာ၊ မြို့၊ ခရိုင် ကိုယ်စားပြု ယှဉ်ပြိုင်နေကြခြင်းဖြစ်ပြီး နိုင်ငံတော်အနာဂတ်၏ အားကစားလောက ဖွံ့ဖြိုးတိုးတက်ရမည်ဆိုသည့် နိုင်ငံကိုအကျိုးပြုနိုင်မည့် အားကစားမောင်မယ်များ  ပေါ်ထွက်လာနိုင်ရေးအတွက် ယခုကဲ့သို့ပြိုင်ပွဲကောင်းများကို  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပေးလျက်ရှိကြောင်းဖြင့်  ရှင်းလင်းပြောကြားခဲ့ပြီး  အားကစားဝတ်စုံနှင့် အားကစားပစ္စည်းများအား ထောက်ပံ့ပေးခဲ့ကာ ပြိုင်ပွဲဝင် အားကစားသမားများက အားကစားဓိဌာန်ရွတ်ဆိုခဲ့ကြသည်။  

၂၀၂၁ ခုနှစ် ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲတွင်  ပြိုင်ပွဲဝင်အသင်း (၃၂) သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို (၁၂  - ၆ - ၂၀၂၁) မှ (၂၀ - ၆ - ၂၀၂၁) ရက်နေ့ထိ  နေ့စဉ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ ဆုရရှိသောအသင်းများကို ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)