ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်တာဝန်ရှိသူများကွင်းဆင်း ကြည့်ရှုစစ်ဆေး

သံတွဲ ဇွန် ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  ငပလီမြို့၊ ဂျိတ္တောရပ်ကွက် ဘုန်းတော်ကြီးကျောင်းအတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်တို့သည်  ယမန်နေ့ ညနေ ၃နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်းပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှုင်းပေးခဲ့ခဲ့သည်။

အဆိုပါ ဝန်ထမ်းများသည်  ငပလီမြို့၊ ဂျိတ္တောရပ်ကွက် ဘုန်းတော်ကြီးကျောင်းအတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို  ဇွန်လ ၇ရက်နေ့မှ ၁၁ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ရာ လူဦးရေ ၄၀၀ ကျော်အားဆောင်ရွက်  ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော် ဦးဆောင်သည့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို  ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ ဇွန်လ ၁၁ရက်နေ့အထိ ကျေးရွာ အုပ်စုပေါင်း ၁၃အုပ်စု ၊ ရပ်ကွက် ၁ ရပ်ကွက်တို့တွင် လူဦးရေ စုစုပေါင်း ၁၂၀၀ ကျော်ခန့်ကို  ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ထံမှ သိရှိရသည်။