သီပေါမြို့နယ်၌ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၂၈.၃၂)ရာခိုင်နှုန်း အောင်မြင်

သီပေါ   သြဂုတ်  ၁၀

၂၀၂၀ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက နိုင်ငံတစ်ဝန်း အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  သီပေါမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု ၂၈ ဒသမ ၂၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း သီပေါမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သီပေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂)ခုဖြင့် ဖြေဆိုကျင်းပခဲ့ရာ ကျောင်းတွင်းဖြေဆိုသူပေါင်း (၆၄၉)ဦး၊ ပြင်ပဖြေဆိုသူပေါင်း (၁၈၇)ဦး၊ စုစုပေါင်းဖြေဆိုသူ (၈၃၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ  ကျောင်းတွင်းဖြေဆိုအောင်မြင်သူ (၁၇၃)ဦး၊ ပြင်ပဖြေဆိုသူ (၆၃)ဦး စုစုပေါင်း (၂၃၆)ဦး အောင်မြင်ခဲ့ကြပြီး အောင်ချက်ရာခိုင်နှုန်း ၂၈ ဒသမ ၂၃ ရာခိုင်နှုန်းဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြကြောင်းနှင့် သီပေါမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌  ၃−ဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊  ၂−ဘာသာ ဂုဏ်ထူးရှင် (၇)ဦး၊  ၁−ဘာသာ ဂုဏ်ထူးရှင် (၂၄)ဦး  ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)