ရမည်းသင်း ဇွန် ၁၁
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀နာရီ အချိန်က ပထမအကြိမ်နေ့စဉ်ထုတ်သတင်းစာမှ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရေးသားသော "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ"ဆောင်းပါးကို စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် စုပေါင်းတိုင်ပင်ဆွေးနွေးကြရာတွင် ကျွန်ပ်တို့၏လုပ်ငန်းများအောင်မြင်ထိရောက်ရေးတို့အား ရှင်းလင်းပြောကြားကာ နေ့စဉ်ထုတ်သတင်းစာပါ "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" ဆောင်းပါးမှ အခန်း(၁) ရည်ရွယ်ချက်နှင့် အခန်း(၂) နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက် များကို ဝန်ထမ်းများအသီးသီး ဖတ်ရှုကြပြီးခရိုင်ဦးစီးမှူးက ဝန်ထမ်းတစ်ဦးချင်းကို ပြန်လည် မေးမြန်ပြီးနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက်များကို သိရှိလိုက်နာ စောင့်ထိန်းပြီးနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းများ အပေါ်ပြည်သူများက ယုံကြည်အားထားမှုပိုမိုရရှိစေရေးရှင်းလင်းဆွေးနွေး ပြောကြားသည်။
အပတ်စဉ်သောကြာနေ့တိုင်း စာဖတ်ဝိုင်းပြုလုပ်ကာ ဝန်ထမ်းများမှ အပြန်အလှန် ဆွေးနွေး မေးမြန်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရမည်းသင်း(ခရိုင်ပြန်/ဆက်)