မိုးကြိုးဘေးသင့် မိသားစုအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ ပေးအပ်လှူဒါန်း

မိုင်းဖြတ်  ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုင်းဖြတ်အုပ်စု၊ ဟိုနား(ရှမ်း)ကျေးရွာနေ မိုးကြိုးဘေးသင့်သော ဦးစိုင်းဆမ်တောင် ၏ မိသားစုအား ယမန်နေ့ညနေ ၂ နာရီ က အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများက မိုးကြိုးဘေးသင့်၍ သေဆုံးခဲ့သူ ဦးစိုင်းဆမ်တောင် (၃၅)နှစ် (ဘ)ဦးအိုက်ပျဲန်း မိသားစုတို့၏ နေအိမ်သို့ သွားရောက်၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀၀/- ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်အုပ်စု၊ ဟိုနား(ရှမ်း)ကျေးရွာနေ (ဘ)ဦးအိုက်ပျဲန်း၏သား  ဦးစိုင်းဆမ်တောင် (၃၅)နှစ် သည် ဇွန် ၇ ရက်နေ့ ညနေ ၂နာရီ က မိမိ၏လယ်ယာမြေကို ထွန်ယက်နေစဉ် ရုတ်တရက် မိုးကြိုးပစ် ထိမှန်၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးအိုက်ပျဲန်းထံမှ သိရသည်။

ရှောလမွန် (မိုင်းဖြတ်)