တာလေမြို့တွင် မိုးရာသီကာလ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် တောင်သူများ မိုးစပါးစိုက်ပျိုးရန် အဆင်ပြေလျက်ရှိ

တာလေ ဇွန် ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ မိုးဦးကျကာလ ယခုနှစ်အတွင်း နယ်မြေဒေသ၏ ရာသီဥတုနှင့်ကိုက်ညီပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လယ်ယာမြေများ စိုက်ပျိုးရေရရှိပြီး တောင်သူများ စပါးစိုက်ပျိုးရန် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခင်နှစ် “၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း ပြောင်းလဲလာသောရာသီဥတုနှင့် ဒေသ၏ ရာသီဥတုမှာ ကိုက်ညီမှုမရှိပဲ မိုးရွာသွန်းမှုများ အားနည်းခဲ့ရာ တောင်သူအချို့မှာ စပါးစိုက်ပျိုးချိန် နောက်ကျပြီး စိုက်ပျိုးရခြင်းနှင့် ထုတ်လုပ်ရာတွင် စပါးအထွက်နှုန်း အနည်းငယ်လျော့နည်းကျဆင်းခဲ့ကြောင်း ” သိရသည်။

တာလေမြို့တွင် “၂၀၂၁ ခုနှစ် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ မိုးဦးကျကာလအတွင်း နယ်မြေဒေသ၏ ရာသီဥတုနှင့် ပုံမှန်ကိုက်ညီမှုရှိပြီး မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် စိုက်ပျိုးရေရရှိသဖြင့် ယခု မိုးစပါးစိုက်လယ်ယာမြေများမှာ ကောင်းမွန်စွာ စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ယခုတွင် စိုက်ပျိုးရေရရှိမှုမှာ ကောင်းမွန်သဖြင့် ဒေသအတွင်းရှိ တောင်သူအချို့က လယ်စပါးများကို ၂၀၂၁ ခုနှစ် ဇွန်လ ပထမပတ်မှစ၍ စတင်စိုက်ပျိုးလျက်ရှိကြောင်းလည်း ” သိရသည်။

အောင်ကျော်မိုး