မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လှုပ်ရှားမှုများပြုလုပ်

မိုင်းယောင်း ဇွန် ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်း စသည့်စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက လူအသွားအလာများသည့် ဗလမင်းထင်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန် သတိပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး/သတိပေး ပြောကြားရမည့်အချက်များ၊ တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေရန် သတိပေးခြင်း၊ သက်ကြီးရွယ်အိုများအတွက် သတိထားပေးပါ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ သင့်မိသားစုကျန်းမာရေး စနစ်တကျ လက်ဆေးပေး၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းများ စနစ်တကျ ဝတ်ဆင်သွားလာရေး အသိပညာပေးပြီး နှာခေါင်းစည်းဝတ်ဆင်ထားခြင်း မရှိသူများကို နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း