ခရမ်း ဇွန် ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် ၂၀၂၁ ခုနှစ်၊ မေလ(၃ )ရက်နေ့တွင် စတင်ဆောင်ရွက်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့ အထိ ဆောင်ရွက်ရန် လျာထားရာ မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ထွန်း ကြီးကြပ်၍ ယနေ့ နံနက် (၁၀)နာရီက ကရင်ကန်ကျေးရွာနေ ပြည်သူ များအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါပန်းခင်းစီမံချက်၌ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု စာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ရပ်ကွက် (၁၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃)အုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရမည့် အသက် (၁၈)နှစ် ပြည့်ပြီးသူ (၂၄၃၁၁) ဦးနှင့် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား (၂၂၆၇) ဦးရှိကြောင်း မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရှိရ သည်။
ကိုမင်း(ခရမ်း)