နမ့်စန်(တ) ဇွန် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီတွင် မြို့မစည်ပင်သာယာဈေးအတွင်း ပုံမှန် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစိုးထိုက်မြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူများက အမှတ်(၃)ရပ်ကွက်အတွင်းရှိ မြို့မစည်ပင်ဈေးတွင် မီးဘေး လုံခြုံရေးစစ်ဆေးခဲ့ရာ ဈေးမီးဘေးလုံခြုံရေးဝန်ထမ်းများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မီးဘေးကြိုတင် ကာကွယ်ရေးစီမံချက်များ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်သွယ်တန်းမှုနှင့် သုံးစွဲမှုအခြေအနေ၊ မီးငြိမ်းသတ်ရေးပစ္စည်းကိရိယာများစနစ်တကျထားရှိသုံးစွဲမှု၊ ရေရရှိရေး နှင့်ရေသိုလှောင်ထားမှုအခြေအနေ၊ ပစ္စည်းများကာကွယ်ထိန်းသိမ်းခြင်းနှင့် ဈေးပတ်ဝန်း ကျင်မီးဘေးအန္တရာယ်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာ ရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် မြို့မစည်ပင်သာယာဈေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဇော်ထွန်းတို့က မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြသ ရှင်းလင်းခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်