မြင်းခြံ ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်က မြင်းခြံခရိုင် အတွင်းရှိ အခြေခံပညာ ကျောင်းများအား ကျောင်းဖွင့်လှစ်နိုင်ရေးကိစ္စ၊ မြို့နယ်အတွင်း ပိတ်ထား လျက်ရှိသည့် ဈေးဆိုင်ခန်းများအား ဖွင့်လှစ်စေရေး၊ လျှပ်စစ်ဓာတ်အားခများ ကောက်ခံနိုင်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ စနစ်တကျ လိုက်နာနိုင်ရေး အစရှိသည့် အကြောင်းအရာ များကို ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများက ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးသို့ မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)