မိုးညှင်း ဇွန် ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ ကလေးသူငယ်၊ အမျိုးသမီးအရေး ဦးဆောင် နေသူများအတွက် (Gender၊ CEDAW၊ NSPAW) အသိပညာပေး သင်တန်းကို ယနေ့နံနက် ၉ နာရီက ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မိုးညှင်းခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌကိုယ်စား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းတွင် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင် က အခြေခံသဘောတရားများ(Gender) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာဦးက အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CEDAW)နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း(NSPAW) ခေါင်းစဉ်များဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့သည်။
ယင်းနောက် မိုးညှင်းခရိုင်အတွင်းရှိ ကလေးသူငယ်၊ အမျိုးသမီးအရေး ဦးဆောင် နေသူများအတွက် (Gender၊ CEDAW၊ NSPAW) အသိပညာပေး သင်တန်းတွင် တက်ရောက် လာကြသည့် သင်တန်းသား သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)