စစ်တွေမြို့၌ ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု ဆွေးနွေးပွဲ Talk Show ပြုလုပ်

 

 

စစ်တွေ  ဇွန် ၁၀

 

 

ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (VLDF)မှ ရခိုင်ပြည်နယ်အတွင်း ကျေးရွာ စာကြည့်တိုက်များသို့ ကူညီထောက်ပံ့ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ အသိပေးဆွေးနွေး ပွဲ Talk Show ကို ယမန်နေ့ ညနေပိုင်းက စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

 

 

 

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံး တာဝန်ခံ ဒေါ်အေးအေးအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာ ပေးလုပ်ငန်းများဆောင်ရွက်နေမှု၊ မြို့နယ်ရုံးများတွင် စာကြည့်တိုက်များဖွင့်လှစ်ပြီး စာအုပ်၊ စာပေများ အားအခမဲ့ငှားရမ်းပေးနေမှု၊ ခရိုင်နှင့်မြို့နယ်များအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ စံ(၅)ချက်အညီ ကျေးရွာစာကြည့်တိုက်များဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် ကျေးရွာစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအနေဖြင့် ဖွင့်လှစ်ထားသော စာကြည့်တိုက်များသို့ ကူညီ ထောက်ပံ့ပေးနိုင်ရေးစသည်တို့ကို ဆွေးနွေးပြောကြားသည်။

 

 

 

ထို့နောက် ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ဦးကျော်ကျော်၊ အတွင်းရေးမှူး ဦးအောင်ကြည်မိုး( အောင်ကြည်မိုး-သင်းပုန်းတန်း)နှင့် စာအုပ်အလှူလက်ခံရေးနှင့် ပြန်ကြားရေးတာဝန်ခံ စာရေးဆရာ နောင်ခိုင်အောင်တို့က  အသင်း၏ရည်ရွယ်ချက်ဖြစ်သည့် အကြောင်းအမျိုးမျိုးကြောင့်ပိတ် ထားရသည့် ကျေးရွာများရှိစာကြည့်တိုက်များ ပြန်လည်အသက်ဝင် လာစေရန်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်များအွန်လိုင်းမီဒီယာပေါ်၌ အချိန် ကုန်မနေစေဘဲ စာကြည့်တိုက်များသို့ သွားရောက်ပြီး စာဖတ်ရှုလေ့လာကြစေရန်၊ အသင်းဝင် တစ်ဦး လျင် တစ်လစာအုပ် တစ်အုပ်ထည့်ဝင်လှူဒါန်းပေးနေမှု၊ ပြည်တွင်း၊ ပြည်ပအလှူရှင်များမှ လှူဒါန်း ပေးသောငွေများဖြင့် စာအုပ်အရောင်းဆိုင်များမှ စာအုပ်များဝယ်ယူပြီး ကျေးရွာများရှိ စာကြည့်တိုက် များသို့ ပေးလှူနေမှုနှင့် စာအုပ်လှူဒါန်းလိုသူများ၊ အသင်းဝင်လိုသူများ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး page ၌ အပြည့်စုံဖော်ပြထားရှိမှုတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရ သည်။

 

 

တင်ထွန်း