နောင်ချိုမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ

နောင်ချို   ဇွန်  ၉ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန် က တောင်ရပ်ကွက် ဓမ္မရုံရပ်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ နောင်ချိုမြို့နယ် သံဃာနာယက ဆရာတော်ကြီးများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းနှင့်အညီ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၁၀၃)ပါးရှိပြီး စာမေးပွဲသို့ လာရောက်ဖြေဆိုသူ ရဟန်း(၂) ပါး၊ သာမဏေ (၁၉)ပါး၊ သီလရှင် (၃၃)ပါး စုစုပေါင်း  (၅၄)ပါး  ဝင်ရောက်ဖြေဆိုခဲ့ပြီး ပါဠိပထမပြန်စာမေးပွဲအား ဇွန်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့ထိ (၇) ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)