ဟိုပုံးမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ တတိယနေ့ဆက်လက်ဖြေဆို

ဟိုပုံး     ဇွန်  ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကို  ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် သီရိမင်္ဂလာ ဗိမာန်စာစစ်ဌာန၌ ကျင်းပလျက် ရှိကြောင်းသိရသည်။

အဆိုပါအစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ကို ဟိုပုံးမြို့နယ်အတွင်းရှိ စာဖြေသံဃာ(၁၉၇)ပါး စာရင်းပေးသွင်းထားပြီး ယနေ့ကြွရောက်ဖြေဆိုလျက်ရှိသည့် အဘိဓမ္မတ္ထဘာသာရပ်ကို ရဟန်းရှင် သာမဏေမှာ အခြေပြုမူလတန်း (၅၁)ပါး၊ ပထမငယ်တန်းတွင် (၄၀)ပါး၊ ပထမလတ်တန်းတွင် (၃၁) ပါး၊ ပထမကြီးတန်းတွင် (၁၅)ပါး၊ စုစုပေါင်းစာဖြေသံဃာ (၁၃၇)ပါး ကြွရောက်ဖြေဆိုကာ (၆၀)ပါး ကြွရောက်မဖြေနိုင်ကြောင်း ၎င်းစာစစ်ဌာနတွင် နာယကဆရာတော်၊ ထပ်ဆင့်ကြီးကြပ်ရေးနှင့် ကြီးကြပ်ရေး ဆရာတော်များမှ ကြီးကြပ်ဆောင်ရွက်တော်မူ၍ ဖြေဆိုလျက်ရှိပြီး ၎င်းအစိုးရပါ ဠိပထမပြန်စာမေးပွဲကို မွန်းတည့် (၁၂)နာရီမှ ညနေ(၃)နာရီအထိ ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းစာစစ်ဌာနသို့ ကြွရောက်တော်မူကြသည့် ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာများအား ဆွမ်းဝေယာဝစ္စအဝဝတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အနီးကပ်စီမံကြီးကြပ်လျက်ရှိပြီး ဌာနဆိုင်ရာများ အလှူရှင်ဒါယကာ ဒါယိကာမများမှ နေ့စဉ်လှူဒါန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)