ပုဗ္ဗသီရိ ဇွန် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်က အဖွင့်အမှာစကားပြောကြားပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီ အတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေမာလှိုင်က ကလေးသူငယ်ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်ရရှိ စေရေးအတွက် အိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းများဖွင့်လှစ်ပေးခြင်း၊ အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံနေရမှု ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်း၊ အကြမ်းဖက်မှု၊ ခြိမ်းခြောက် မှုများခံရပါက နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်ကော်မတီဝင်များက မိမိတို့ဆောင်ရွက်နေသော ကလေး သူငယ်အခွင့်အရေးများနှင့်အမျိုးသမီးများဘဝဖွံဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
မျိုးသီဟ