မြင်းခြံမြို့တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေးပြုလုပ်

 

မြင်းခြံ ဇွန် ၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေး ကို ယနေ့ နံနက် ၉ နာရီ အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြင်းခြံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင့်လှိုင်က အဖွင့် အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးနေကျော်အောင်မှ မြင်းခြံခရိုင်အတွင်းရှိ ကလေးသူငယ်အခွင့်အရေးဆိုင်များအတွက် ဆောင်ရွက်ထားရှိပြီးစီးမှုနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော မြင်းခြံခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် များမှ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌ ဦးတင့်လှိုင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)