ကျောက်ပန်းတောင်း စာဖြေဌာနတွင် ပါဠိပထမပြန်စာမေးပွဲ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၇၃)ပါး ဖြေဆိုတော်မူလျက်ရှိ

ကျောက်ပန်းတောင်း ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျောက်ပန်းတောင်းစာဖြေဌာနတွင်၊ ၂၀၂၁-ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှစတင်၍ မြို့နယ်လုံဆိုင်ရာ သာသနာ့ ဗိမာန်တော်ကြီး တွင် ကျင်းပလျက်ရှိရာ ဒုတိယနေ့ဖြစ်သော ယမန်နေ့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၇၃)ပါး ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲ၌ ပထမကြီးတန်းကို ရဟန်း(၂)ပါး၊ သာမဏေ(၄)ပါး ပေါင်း(၆)ပါး၊ ပထမလတ်တန်းကို ရဟန်း(၂)ပါး၊ ပထမယ်ငယ်တန်းကို ရဟန်း(၃)ပါး၊ သာမဏေ(၁၆)ပါး ပေါင်း(၉)ပါး၊ အခြေပြုမူလတန်းကို သာမဏေ(၄၃)ပါး သီလရှင်(၃)ပါးပေါင်း (၄၆)ပါးဖြေဆိုတော်မူကြရာ၊ စုစုပေါင်း ရဟန်း(၉)ပါး၊ သာမဏေ (၆၁)ပါးနှင့် သီလရှင်(၃)ပါး (၇၃)ပါး ဝင်ရောက် ဖြေဆိုတော်မူ လျက်ရှိကြကြောင်း သိရသည်။

အဆိုပါ စာဖြေဌာနသို့ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်ကျော် လာရောက်ဖူးမျှော် ကြည်ညိုခဲ့ပြီး၊  ကြီးကြပ် တော်မူကြသည့် ညောင်ဦးခရိုင် သံဃာ့နာယကအဖွဲ့ ဆရာတော်ကြီးများနှင့် မြို့နယ်သံဃာ့နာယကအဖွဲ့ ဆရာတော်ကြီးများအား ဖူးမျော်ကြည်ညိုခဲ့ကြောင်း သိရသည်။

ဓမ္မာစရိယ စာမေးပွဲများနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုတော်မူကြသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များ စိတ်အေးချမ်းသာယာစွာ စာဖြေဆိုတော် မူနိုင်ရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မီးသတ် ဦးစီးဌာနဝန်ထမ်းများနှင့် အကျိုးတော်ဆောင်အဖွဲ့များက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက် လျက်ရှိပြီး၊ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)