၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာပေးပွဲ ဖြေဆိုလျက်ရှိသည့် သံဃာတော်များအား ဖူးမြှော်

ပျဉ်းမနား    ဇွန်    

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပလျက်ရှိ သည့် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုနေသော ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင် မောင်သန်းနှင့် တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ()နာရီက ဖူးမြှော်ခဲ့ကြောင်းသိရသည်။

ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပနေသည့် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းတွင် ရဟန်း(၂၀)ပါး၊ သာမဏေ(၇)ပါး၊ စုစုပေါင်း (၂၇)ပါး၊ ပထမလတ်တန်းတွင် ရဟန်း(၁၁)ပါး၊ သာမဏေ(၄၃)ပါး၊ သီလရှင်(၆)ပါး စုစုပေါင်း (၆၀)ပါး၊ ပထမငယ်တန်းတွင် ရဟန်း(၄)ပါး၊ သာမဏေ(၃၁)ပါး၊ သီလရှင်(၅)ပါး စုစုပေါင်း(၄၀) ပါး၊ အခြေပြုမူလတန်းတွင် ရဟန်း(၂)ပါး၊ သာမဏေ(၄၃)ပါး၊ သီလရှင်(၁၆)ပါး စုစုပေါင်း(၆၁) ပါးနှင့် လူပုဂ္ဂိုလ်(၂)ဦး ဖြေဆိုကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)