မြစ်သား ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုး သူများ အသင်းက ဦးဆောင်၍ စာရေးဆရာ လယ်တွင်းသား စောချစ်၏ "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀) နာရီ က စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးနေလင်းက စာရေးဆရာ လယ်တွင်းသားစောချစ်၏ "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်မှ 'သုတစာပေဖတ်ပါစေ' ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်မြမြမိုး(Book Club) အဖွဲ့ဝင်မှ' ကိုယ်ကျင့် ကောင်း၍ စိတ်ကောင်းရှိပါစေ' ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ ဒေါ်ခိုင်ဆုဝေ (Book Club)အဖွဲ့ဝင်မှ 'ကလေးနှင့်ဆေးလိပ်'ခေါင်းစဉ်ပါ အကြောင်းအရာများကို အသီးသီးဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မြမြမွန်