တီကျစ်ကျေးရွာတွင် မွမ်းမံပြီးစီးသည့် ရှေးဟောင်းစေတီတော်မြတ်လေးဆူ ထီးတော်တင်လှူ

နောင်တရား   ဇွန်   ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တီကျစ် ကျေးရွာအုပ်စု၊ တီကျစ်ကျေးရွာ၌ ရှေးဟောင်းစေတီတော်မြတ် ကိန်းဝပ်စံပယ်ရာ ဂေါစရာဂါမ် အတွင်း၌ မွမ်းမံပြီးစီးသည့် စေတီတော်မြတ်လေးဆူကို ယနေ့မွန်းလွဲပိုင်းတွင် ထီးတော်တင်လှူ သည်။

ထီးတော်တင်လှူပွဲတွင် အလှူရှင်များက ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်တို့ ဟောကြားသည့် တရားတော်များကို အတူတကွနာကြားကာ ကုသိုလ်ကောင်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရသည်။ အဆိုပါ ရှေးဟောင်းစေတီတော်မြတ်များကို အလှူရှင်များက ပြန်လည်မွမ်းမံလျက်ရှိကြောင်းသိရသည်။

နောင်တရား(ပြန်/ဆက်)