တာချီလိတ် ဇွန် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုံလို့တောရဆရာတော်ဘုရား ဘဒ္ဒန္တပညာစာရ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏နှစ် ၅၀ ပြည့် ရွှေရတုပူဇော်ပွဲနှင့် ၅၁ နှစ်ပြည့်ဝိဇာတမွေးနေ့ အလှူတော် မင်္ဂလာ အထိမ်းအမှတ်အဖြစ် ကျိုက်ထီးရိုးတောင်ပေါ်စေတီ ထီးတော်တင်လှူခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပုံလို့ဆရာတော်ဘုရား၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်း တာချီလိတ်(အခြေချ)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အလှူ့ဒါယကာဦးအောင်နိုင်နှင့် အလှူရှင်များကစေတီများကို ထီးတော်တင်လှူခဲ့ကြသည်။ ဆရာတော်ဘုရား၏ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအထိမ်းမှတ်အဖြစ်ကျိုက်ထီးရိုးတောင်ပေါ်ရှိစေတီများတွင်ထီးတော်တင်လှူခြင်း၊ ဇရပ်တန်ဆောင်းများရေစက်ချလှူဒါန်းခြင်း၊ ပုံလို့ကုသိနာရုံ၊ ဗုဒ္ဓဂါယာမုခ်ဦး ထီးတော်တင်လှူခြင်းနှင့် မိုင်းဖုန်းလွန်းကျိုင်းရွာရှိ ဗုဒ္ဓဂါယာဘုရားကြီးဌာပနာသွင်း ပူဇော်ခြင်း အခမ်းအနားကို ဇွန်လ ၃ ရက်နေ့မှ ၇ ရက်နေ့ထိ ကျင်းပခဲ့ကြသည်။
ထို့နောက်တိုင်းမှူးနှင့်အတူ ဘုရားအလှူဒါယိကာ ဦးအောင်နိုင်အလှူဒါယိကာမ ဒေါ်နန်းကျန်ခမ်းနှင့် အလှူ့ရှင်များက ဆရာတော်ဘုရားကြီးနှင့် သံဃာတော်များအားနေ့ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူ ဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။